
သီလဝါအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီမှ ကမ္ဘာတစ်ဝန်းတွင်ဖြစ်ပွားနေသော ကိုရိုနာဗိုင်းရပ်စ် (Covid 19) ကပ်ရောဂါအား ကာကွယ်နိုင်စေရန်အတွက် ပြန်လည်လျှော်ဖွတ်အသုံးပြုနိုင်သော နှာခေါင်းစည်းများကို ကျောက်တန်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စုရှိ ပြန်လည်နေရာချထားရေးနေရာ ဇုန်အေနှင့်ဇုန်ဘီတို့တွင် နေထိုင်သည့် စီမံကိန်းကြောင့်ထိခိုက်သော အိမ်ထောင်စု ၇၅ စုအား ၂၀၂၀ ခုနှစ် မေလ ၁၄ရက်နှင့်၁၅ရက်နေ့တို့တွင် အသီးသီးထောက်ပံ့ပေးခဲ့ပါသည်။